mdn

တာချီလိတ် စက်တင်ဘာ ၉

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ တွင် နိုင်ငံခြားသားခရီးသွားများ အသွားအလာများသည့်နေရာများ၌ အဆင့်မီပြီး သန့်ရှင်းလှပစေရန် အတွက် Clean & Green စီမံချက်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ထိုသို့ Clean & Green စီမံချက် ဆောင်ရွက်လျက်ရှိသည့်နေရာများဖြစ်သည့် မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတား အမှတ် (၁) လျှောက်လှမ်းများ ပြုပြင်တည်ဆောက်ခြင်းနှင့် Wecome To Myamar စာတန်းပါ ဆိုင်းဘုတ်၊ ဘုရင့်နောင်ရုပ်တုရင်ပြင်နှင့် ရွှေတိဂုံဘုရားအနီး တွင် ကိုယ်လက်သန့်စင်ခန်းများ တည်ဆောက်ခြင်း၊ ချစ်ကြည်ရေးတံတားအမှတ်( ၂)တွင် နိုင်ငံတော်အလံလွှင့်ထူရန်အတွက် တည်ဆောက်နေခြင်းနှင့် အုတ်တံတိုင်းများတည်ဆောက်ခြင်း၊ဆေးသုတ်ခြင်း၊ရွှေဝါနဒီပန်းခြံကို ပြုပြင်တည်ဆောက်ခြင်း၊အလှဆင်ခြင်း၊ဂေါက်ကွင်းအနီး လမ်းမကြီးဘေးတွင် We Love Tachileik ဆိုင်းဘုတ်စိုက်ထူခြင်းနှင့်တာချီလိတ်မြို့အဝင်လမ်းဆုံတွင် Wecome To Tachileik ဆိုင်းဘုတ်စိုက်ထူခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ ၎င်း နေရာများသို့  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဉီးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဉီးတင်ဉီးကျော်တို့က ယမန်နေ့ညနေ က လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း၍ ကူညီဆောင်ရွက်ပေးခ့ဲကြောင်း သိရသည်။

အဆိုပါ  Clean & Green စီမံချက်ကို  ရှမ်းပြည်နယ်အစိုးရ ထောက်ပံ့ငွေကျပ်သိန်း (၄၈၀၀ )ဖြင့် လုပ်ငန်း( ၁၈)ခုကို  စည်ပင်သာယာရေးဌာနမှဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူတစ်ဉီး
ထံမှသိရှိရသည်။

ယာဆေး(ပြန်/ဆက်)