တာချီလိတ်၊ ၈ ဖေဖော်ဝါရီ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၏ ဂုဏ်ကျက်သရေဆောင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ပြည်သူများဖူးမြော်နိုင်ရန်အတွက် ဖေဖော်ဝါရီ ၈ ရက် ယနေ့ နံနက်မှစ၍ ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

 

ရွှေတိဂုံစေတီတော်မြတ်ကြီး ဓမ္မာရုံ၌ ယနေ့ နံနက် ၅ နာရီတွင် သံဃာတော်များက ဘုရားအနေကဇာတင် အခမ်းအနားပြုလုပ်ခဲ့သည်။ တာချီလိတ်မြို့၏ အထင်ကရနှင့် ဂုဏ်ကျက်သရေဆောင်လည်းဖြစ်ပြီး ခရီးသွားများ၊ ဘုရားဖူးဧည့်သည်များဖြင့် အစဉ်စည်ကားလေ့ရှိသော ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါကြောင့် ပိတ်ပင်ထားရာမှ ယနေ့ နံနက် ၇ နာရီမှစ၍ ပြည်သူများ ယခင်ကကဲ့သို့ ဖူးမြော်နိုင်ရန် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

 

ယာဆေး(ပြန်/ဆက်)

 

mdn