တာချီလိတ် ဒီဇင်ဘာ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ၂၀၂၁-၂၀၂၂ ခုနှစ် (၆)လ ဘဏ္ဍာနှစ် နိုင်လွန်ကတ္တရာလမ်း ခင်း ခြင်းနှင့် ရေစီးရေလာကောင်းမွန်ရေး လမ်းဘေးရေနုတ်မြောင်းများ တူးဖော်ခြင်းကို မြို့နယ်စည်ပင်သာယာရေးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
အရှေ့မြို့ပတ်လမ်း၊ ကံ့ကော်လမ်းမှ 1G1 Hotel အထိ အရှည် ၁၆၂၅ ပေ၊ အကျယ် ပေ ၃၀ ရှိ နိုင်လွန် ကတ္တရာ လမ်းခင်းခြင်းနှင့် အရှည် ၁၈၃၅ ပေရှိ လမ်းဘေးရေနုတ်မြောင်း တူးဖော်ခြင်းကို ဒီဇင်ဘာ ၁၇ ရက်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် တာဝန်ခံ အင်ဂျင်နီယာမှူးက လုပ်ငန်းများ သတ်မှတ်စံချိန်စံ ညွှန်းပြည့်မီရေးနှင့် အချိန်မီပြီးစီးရေး ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။
ယာဆေး(ပြန်/ဆက်)