တာချီလိတ်  ၁၁ နိုဝင်ဘာ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် (၁၁)ကြိမ်မြောက် အာခါရိုးရာ "ခါးထောင်းဖား" ပွဲတော်ကို ဒီဇင်ဘာ ၁၀ ရက်၌ ရှမ်းရိုးမကွင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ပွဲတော်ကို ဒီဇင်ဘာ ၁၀ ရက်မှ ၁၂ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး အာခါရိုးရာ အဝတ်အထည်များ၊ အသုံးအဆောင်ပစ္စည်းများ ရောင်းချပေးမည့်အပြင် အာခါတိုင်းရင်းသားတို့၏ ရိုးရာဓလေ့ ပြခန်းများလည်း ဖွင့်လှစ်ပြသ ပေးထားမည်ဖြစ်ကြောင်း၊ အိမ်နီးချင်း ထိုင်း၊ လာအို၊ တရုတ်နိုင်ငံမှ အာခါတိုင်းရင်းသားများလည်း ပျော်ရွှင်စွာ လာရောက်ပူးပေါင်း ဆင်နွှဲမည်ဖြစ်ကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)