တာချီလိတ် နိုဝင်ဘာ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်/မြို့နယ် ကိုဗစ်- ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီမှ အခြေခံပညာကျောင်းများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ ပေးအပ်ခြင်းကို ယမန်နေ့က မကာဟိုခမ်းရပ်ကွက်ရှိ အ.ထ.က(တာချီလိတ်)ကျောင်း၌ ကျင်းပသည်။
အဆိုပါထောက်ပံ့ပေးအပ်ပွဲတွင် ခရိုင် ကိုဗစ်- ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်က အမှာစကားပြောကြားပြီး မြို့နယ်အတွင်းရှိအခြေခံပညာကျောင်း ပေါင်း (၁၃၀) အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း(Mask) ခုရေ (၁၀၀၀၀) နှင့် လက်ဆေးဂျယ်ဘူးကြီး (၄၀၀)တို့အား ထောက်ပံ့ပေးအပ်သည်။
တာချီလိတ်မြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ကိုဗစ်-၁၉ ရောဂါကြောင့် အခြေခံပညာကျောင်းများ ယာယီပိတ်ထားရာမှ ကျောင်းစတင်ဖွင့်လှစ်သည့် နိုဝင်ဘာလ ၁ ရက်နေ့တွင် ကျောင်းလာတက်သည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၂၆၀) ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ယာဆေး( ပြန်/ဆက်)


