တာချီလိတ် အောက်တိုဘာ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်အထက် ကျောင်းသား ကျောင်းသူ ၇၉၆) ဦးကို ပထမအကြိမ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို အောက်တိုဘာ ၂၂ ရက် နံနက်ပိုင်းက အထက(တာချီလိတ်)နှင့် အောင်မြတ်ခန်းမတို့တွင် ပြုလုပ်ခဲ့သည်။
အထက(တာချီလိတ်)တွင် ကျောင်းသား ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးနေမှုကို ခရိုင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အုပ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ဦးကျော်၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းနိုင်တို့က သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့အပြင် ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းကို အောင်မြတ်ခန်းမနှင့် သတ်မှတ် နေရာများတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ယာဆေး(ပြန်/ဆက်)


