တာချီလိတ်မြို့၌ အလုပ်သမားနေ့ အခမ်းအနားကျင်းပ

တာချီလိတ်   မေ     ၁

၂၀၂၄ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အခမ်းအနားကို ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ယနေ့ နံနက် ၈ နာရီက ကျင်းပ ပြုလုပ်သည်။

ဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဦးဆောင်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုကြပြီး ၂၀၂၄ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် ကျရောက်သည့် အလုပ်သမားနေ့ အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သည့် သဝဏ်လွှာအား ခေတ္တ-ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျက ဖတ်ကြားသည်။

ထို့နောက် အလုပ်သမားနေ့ ဖြစ်ပေါ်လာပုံမှတ်တမ်းနှင့် အလုပ်သမားဝန်ကြီးဌာန လုပ်ငန်း ဆောင်ရွက်မှုများအား (Video Clip)ဖြင့် ပြသခဲ့ပြီး တာချီလိတ်ခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ အလုပ်သမားနေ့ အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် အသေးစား၊ အငယ်စား၊ အလတ်စား MSME ဒေသထွက်ကုန်နှင့် ဒေသထွက်စားသောက်ကုန်၊ စက်မှုထုတ်ကုန်များကို အခမ်းအနားသို့ တက်ရောက်လာသည့် ခေတ္တ-ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျ၊ ခရိုင်ရဲတပ်ဖွဲ့ မှူး ဒုတိယရဲမှူးကြီး ချမ်းမြေ့ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးတင်ဦးကျော်၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များက လေ့လာကြည့်ရှု့အားပေးခဲ့ကြကြောင်း သိရသည်။

 

ကျော်ဇေယျာလင်း(ပြန်/ဆက်)