တာချီလိတ် မတ် ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ မော်တော်ယာဉ်များအား စုံ/မခွဲ၍ မောင်းနှင်သည့်စနစ်ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်၍ ယနေ့နံနက်ပိုင်းက ဟောင်လိတ်မီးပွိုင့်လမ်းဆုံအနီးတွင် ရှောင်တခင်စစ်ဆေးခြင်းများ ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် အမှတ် (၁၂၁) ယာဉ်ထိန်း ရဲတပ်ဖွဲ့စု (တာချီလိတ်)မှ ရဲအုပ်ရဲကိုခိုင် ဦးဆောင်သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ် မောင်းနှင်သူများအား ယာဉ်မောင်းလိုင်စင်၊ သတ်မှတ်နံပါတ်ပြား၊ ထိုင်ခုံခါးပတ် တပ်ဆင်ထားခြင်း ရှိ/မရှိ၊ လတ်တလောထုတ်ပြန်ထားသည့် စုံ/မ သတ်မှတ်ရက်အတိုင်းမောင်းနှင်ခြင်း ရှိ/မရှိနှင့် ဆိုင်ကယ်မောင်းနှင်သူများအနေဖြင့် ဆိုင်ကယ်စီးဦးထုပ်၊ သုံးယောက်စီးနင်းခြင်း၊ ပါဝါအိပ်ဇော တပ်ဆင်စီးနင်းခြင်း စသည်တို့ကို ရှောင်တခင်စစ်ဆေးပြီး သတ်မှတ်ချက်များနှင့် မကိုက်ညီသည့် စည်းကမ်းဖောက်ဖျက်ကျူးလွန်သူများအား မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)


