တာချီလိတ်မြို့၌ မီးခိုးမြူလျော့ကျစေရေးနှင့် ကျန်းမာရေးအသိပေးခြင်းများဆောင်ရွက်

တာချီလိတ် ၁၅ မတ်

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် မတ် ၁၅ ရက်က ထိုင်းနိုင်ငံမှ နယ်စပ်ဖြတ်ကျော်မီးခိုးများ၊ ဒေသတွင်း မီးခိုးမြူများ ဖုံးလွှမ်းနေသဖြင့် ဌာနစုံပါဝင်သည့် ပူးပေါင်းအဖွဲ့သည် လူစည်ကားသည့်နေရာများ၌ မီးခိုးငွေ့လျော့ကျစေရေး ရေဖြန်းခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ ဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

 

mdn

 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့တွင်းအချက်အချာကျသည့် နေရာများ၌ မီးသတ်ကားများဖြင့် ရေဖျန်းပက်၍ မီးခိုးငွေ့များလျှော့ချပေးခြင်း၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေး မကောင်းသူများ အထူးဂရုစိုက်သင့်ကြောင်းနှင့် မဖြစ်မနေ အပြင်ထွက်သွားလာချိန်တွင်လည်း နှာခေါင်းစည်းများ တပ်ဆင်ခြင်း၊ ဖုန်မှုန့်၊ မီးခိုးတို့ကြောင့် မျက်စိယားယံမှု၊ ဓာတ်မတည့်မှုများ ဖြစ်ပွားပါက ကလေးများအနေဖြင့် မျက်လုံးအား လက်ဖြင့်မပွတ်မိစေဘဲ အေးမြသော ပိတ်စကပ်ပေးခြင်း၊ နေအိမ်ပြတင်းပေါက်များ ပိတ်ထားပြီး အမှုန်များဝင်ရောက်မှုကို ကာကွယ်ခြင်း၊ နေကာမျက်မှန်တပ်ခြင်း၊ အသက်ရှုကျပ်သည်ဟု ခံစားရပါက နီးစပ်ရာ ဆေးရုံ/ဆေးပေးခန်းသို့ အမြန်ဆုံး သွားရောက်ပြသရန် စသည့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း

 

mdn