တာချီလိတ် ဇူလိုင် ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် ဌာနဆိုင်ရာများသို့ စာအုပ်၊ စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ဇူလိုင် ၁၃ ရက် နံနက်ပိုင်းက အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းသို့ သွားရောက်ငှားရမ်းပေးကြသည်။ ထိုသို့ ဆောင်ရွက်ပေးရာတွင် အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းမှ သင်တန်းသူများအား စာအုပ်၊ စာစောင် ငှားရမ်းပေးခြင်းနှင့် အသစ်လဲလှယ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အေးအေးလတ်(ပြန်/ဆက်)