တာချီလိတ်မြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စနစ်တကျအ မှိုက်စွန့်ပစ်ခြင်းအသိပညာပေး Talk Show ကျင်းပ

တာချီလိတ်   ဧပြီ   ၂၂

           

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စနစ်တကျအမှိုက်စွန့်ပစ်ခြင်း အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထု အခြေပြု ဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

           

အဆိုပါ  Talk Show တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရခြင်း၏ အဓိကအချက်(၂)၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှု၊ စွန့်ပစ်အမှိုက်များ၊ ဘေးအန္တရာယ်ဖြစ်စေသော စွန်ပစ်ပစ္စည်းများ၊ ကြွပ်ကြွပ်အိတ်၏ ပတ်ဝန်းကျင်ကို သက်ရောက်စေသည့်ဆိုးကျိုးများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ကြွပ်ကြွပ်အိတ် အသုံးပြုမှုနှင့် ပတ်သက်ပြီး လိုက်နာဆောင်ရွက်သင့်သည့် နည်းလမ်းများကို ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဇင်ဇင်မိုးက အသေးစိတ်ဆွေးနွေး ပြောကြားသည်။

           

အဆိုပါ အသိပညာပေး Talk Show ကို  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဆေး(ပြန်/ဆက်)