တာချီလိတ်  နိုဝင်ဘာ  ရှမ်းပြည်နယ်( အရှေ့ပိုင်း)တာချီလိတ်မြို့၊ မယ်ဆိုင်ချောင်းအထက်ပိုင်းတွင် နိုဝင်ဘာလ ၁ ရက်က မိုးသည်း ထန်စွာရွာသွန်းခဲ့မှုကြောင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး ရွှံ့နွံများနှင့် အမှိုက်များ တင် ကျန်ရစ်ခဲ့သောကြောင့် စက်ယန္တရားများဖြင့် အသုံးပြုဖယ်ရှားရှင်းလင်းခြင်းကို နိုဝင်ဘာ ၂ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ခြင်းကို ခရိုင်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် မြို့နယ်စည်ပင်သာယာရေးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဦးခွန်ဇော်ဦး ဦးဆောင်သောဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ပြည်သူများပူးပေါင်း၍ လူအားနှင့်စက်ယန္တရားများအသုံးပြုကာ တာလော့ရပ်ကွက်လမ်းမများပေါ်၌ တင်ကျန်ရစ်ခဲ့သောရွှံ့နွံများ အားဖယ် ရှားရှင်းလင်းခဲ့ပြီး (UBL) အမှိုက်သိမ်းဆည်းရေးကုမ္ပဏီမှ အမှိုက်သိမ်းယာဉ်များဖြင့် ရွှံနွံများနှင့် အမှိုက်သရိုက်များ သိမ်းဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်တာဝန်ရှိသူတို့သည် အထက(ဆန်ဆိုင်း )ကျောင်း တွင်  မီးသတ်ကားကြီးများ အသုံးပြုလျက် ရွှံနွံများဖယ်ရှား ရှင်းလင်းဆေးကြောလျက်ရှိသော မီးသတ်တပ်ဖွဲ့ဝင်များ ကိုသွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။

ယာဆေး ( ပြန်/ဆက်)