တာချီလိတ်၊ ၁၅ ဒီဇင်ဘာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်-၂မှ အကြောင်း အမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရပြီး ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးလာသော မြန်မာနိုင်ငံသား အမျိုးသား ၆၇ ဦး၊ အမျိုးသမီး ၃၈ ဦး စုစုပေါင်း ၁၀၅ ဦးကို ဒီဇင်ဘာ ၁၅ ရက် မွန်းလွဲပိုင်းက မြန်မာနိုင်ငံမှ တာဝန်ရှိသူများက လက်ခံခဲ့ကြသည်။
ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် မြန်မာ-ထိုင်း ဆက်ဆံရေး အရာရှိ ခရိုင်ရုံးမှ ဦးထွန်းတို့က လွဲပြောင်းပေးရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်လက်ခံခဲ့သည်။
လွဲပြောင်းပေးလာသော ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသားများကို ကျန်းမာရေစစ်ဆေးခြင်းနှင့် ကိုယ်အပူချိန် တိုင်းတာခြင်း၊ Mask များ ပေးဝေခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီး ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များက စောင့်ကြည့်ရေးစခန်းများတွင် Quarantine ထားရှိရန် ခေါ်ဆောင်သွားကြပြီး ဓာတ်ခွဲစစ်ဆေးမှု အဖြေရလဒ်ထွက်ရှိလာပါက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ပို့ဆောင်ပေးသွားရန် စီစဉ်ထားကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးထံမှ သိရှိရသည်။
ယာဆေး(ပြန်/ဆက်)


