တာချီလိတ်၊ ဧပြီ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးလာသည့် နေရပ်ပြန် မြန်မာနိုင်ငံသား ၂၀၀ ကို တာဝန်ရှိသူတို့က ယနေ့နံနက် ၁၀ နာရီက မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား(၂)တွင် လက်ခံခဲ့ကြောင်း သိရသည်။
နေရပ်ပြန်များတွင် ရွှေ့ပြောင်းမြန်မာအလုပ်သမား အမျိုးသား(၁၁)ဦး၊ အမျိုးသမီး(၂၂)ဦး၊ ပြစ်ဒဏ်မှ လွတ်မြောက်လာသူ အမျိုးသား(၁၃၇)ဦး၊ အမျိုးသမီး(၃၀) စုစုပေါင်း ၂၀၀ တို့ကို နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီး မင်းမင်းထွန်းနှင့် ခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်နှင့် တာဝန်ရှိသူတို့က လက်ခံခဲ့ကြသည်။
အဆိုပါ နေရပ်ပြန်များကို ကျန်းမာရေးဝန်ထမ်းများက နှာခေါင်းနှင့် အာခေါင်တို့ဖတ်နမူနာများရယူ၍ ကိုဗစ်-၁၉ ရောဂါနှင့် ဗီဇပြောင်း အိုမီခရွန်ရောဂါ ရှိ/မရှိ စစ်ဆေးပြီး စံလင်းဖြိုး Quarantine Centre သို့ ပို့ဆောင်ခဲ့ကြသည်။ စံလင်းဖြိုး Quarantine Center တွင် (၇)ရက်ထားရှိပြီး ကျန်းမာရေးစစ်ဆေးမှု (၂)ကြိမ် ထပ်မံပြုလုပ်ကာ ရောဂါပိုး ကင်းစင်သူများကို နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။
ယာဆေး (ပြန်/ဆက်)


