mdn

တာချီလိတ်   မတ်   ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မယ်ဆိုင်ချောင်းမှတစ်ဆင့် တရားမဝင်ခိုးဝင်လာသည့် အသက် ၂၂ နှစ်ရှိ ထိုင်းနိုင်ငံသူ အမျိုးသမီးတစ်ဦးအား မတ် ၈ ရက်က လဝကအက်ဥပဒေဖြင့် အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

အဆိုပါ ထိုင်းနိုင်ငံသူသည် သူငယ်ချင်းဖြစ်သူ ထိုင်းနိုင်ငံသား၏ အကူအညီဖြင့် ဘတ်ငွေ ၁၂၀၀၀ ကို အွန်လိုင်းမှ ချိတ်ဆက်ပေးချေကာ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့မှ တာချီလိတ်မြို့၊ ဆန်ဆိုင်း (ခ)ရပ်ကွက်အနီး မယ်ဆိုင်ချောင်းမှတစ်ဆင့် တရားမဝင် ဝင်ရောက်ခဲ့ရာ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ 1G1 ဟိုတယ်အနီး မြို့ပတ်လမ်းပေါ်တွင် တာဝန်ရှိသူများက စစ်ဆေးတွေ့ရှိခဲ့သဖြင့် တာချီလိတ် မြို့မရဲစခန်း၌ (ပ)၄၆/၂၀၂၂၊ လဝကအက်ဥပဒေ ပုဒ်မ ၃ (၁)ကျူး၊ ၁၃(၁) အရ အမှုဖွင့် အရေးယူထားပြီး ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ကိုဗစ်- ၁၉ ရောဂါ ပိုးရောဂါ ရှိ/မရှိ စစ်ဆေးရာ ရောဂါပိုးတွေ့ရှိရခြင်း မရှိကြောင်း သိရသည်။

ယာဆေး(ပြန်/ဆက်)