တာချီလိတ်မြို့၌ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံ

တာချီလိတ်      ဇွန်       ၁၅

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ အခြေခံပညာကျောင်းများတွင် အသက် ၅ နှစ်အထက် ကျောင်းသား ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို တာချီလိတ်(အထက)တွင် ဇွန် ၁၅ ရက် နံနက်ပိုင်းက ကျန်းမာရေးဦးစီးဌာနနှင့် ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းပြီး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ကာကွယ်ဆေးကို သတ်မှတ်ကာလအတွင်း အပြီးသတ်ထိုးနှံပေးသွားမည်ဖြစ်​ကြောင်း၊ ဇွန် ၁၇ ရက်တွင် ဆန်ဆိုင်း(အထက)၌ ထိုးနှံပေးသွားမည်ဖြစ်ပြီး ကျန်သည့်ကျောင်းများတွင်လည်း ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ယာဆေး(ပြန်/ဆက်)