တာချီလိတ် ဖေဖော်ဝါရီ ၂၀

 

မြန်မာနိုင်ငံ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၁)ကို ကိုဗစ်-၁၉ ရောဂါကြောင့် သုံးနှစ်ဝန်းကျင် ပိတ်ထားရာမှ ယနေ့ နံနက်ပိုင်းက ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

 

မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၁)ကို တာချီလိတ်မြို့နှင့် မယ်ဆိုင်မြို့ရှိ တာဝန်ရှိသူတို့က ယနေ့ နံနက်ပိုင်းက အသီးသီးဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တံတားပေါ်တွင် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။ 

 

တံတားပြန်လည်ဖွင့်လှစ်လိုက်သည့်အတွက် မြန်မာ-ထိုင်း နှစ်နိုင်ငံရှိ ဒေသပြည်သူများ အပြန်လှန် ဝင်/ထွက်သွားလာနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာကာ လူမှုစီးပွားများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)