တာချီလိတ် ၃၀ ဇန်နဝါရီ
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာ ဘေလီတံတား ကြမ်းခင်းများ ဟောင်းနွမ်းပျက်စီးပြီး သွားလာရာတွင် အခက်ခဲများ ဖြစ်ပေါ်လျှက်ရှိရာ ဇန်နဝါရီ ၂၈ ရက်က အသစ်လဲလှယ်ပြင်ဆင်ပြီးစီး၍ ကျေးလက်နေပြည်သူများ သွားလာမှု ပြန်လည်ကောင်းမွန်လာကြောင်း သိရသည်။

အဆိုပါ တံတားကြမ်းခင်းများ ပျက်စီးမှုကို ပြင်ဆင်ရန် လိုအပ်သောသစ်များကို တင်မြင့်ရီကုမ္ပဏီက လှူဒါန်းပေးပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူပြုပြင်ပေးခဲ့ခြင်းဖြစ်ပြီး ယခုအခါ ကျေးလက်နေပြည်သူများ သွားလာမှု လွယ်ကူအဆင်ပြေနေလျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)
