တာချီလိတ် ဩဂုတ် ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ကိုဗစ်-၁၉ကူးစက်မြန်ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အများပြည်သူများအား ကိုဗစ်-၁၉ရောဂါ စစ်ဆေးမှု ခံယူနိုင်ကြောင်း အသိ ပေးကြေညာခဲ့သည်။
အဆိုပါ အသိပေးကြေညာချက်တွင် တာချီလိတ်မြို့နယ်အတွင်းရှိ အများပြည်သူများအနေဖြင့် နေမကောင်းလျှင်ဖြစ်စေ၊ ချောင်းဆိုးလျှင်ဖြစ်စေ၊ အနံ့အရသာ မရလျှင်ဖြစ်စေ၊ မိမိကိုယ်ကို သံသယရှိလျှင် ဖြစ်စေ မကာဟိုခမ်းရပ်ကွက်ရှိ ပြည်သူ့ဆေးရုံ ဟောင်းနေရာ၌ နံနက်(၉)နာရီတွင် တနင်္လာ၊ဗုဒ္ဓဟူး၊သောကြာနေ့များတွင်လည်းကောင်း၊ ကိုဗစ်-၁၉ရောဂါပိုးရှိသူနှင့်ထိတွေ့ သူ ကွင်းဆက်စစ်ဆေးခြင်းကို အင်္ဂါ၊ ကြာသပတေး၊ စနေ၊ တနင်္ဂနွေ နေ့များတွင်လည်းကောင်း ကိုဗစ်-၁၉ရောဂါပိုးရှိမရှိ စစ်ဆေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ရောဂါပိုးစစ်ဆေးသည့်နေရာများမှ စစ်ဆေး၍ ကိုဗစ်-၁၉ရောဂါပိုးစစ်ဆေးတွေ့ရှိပါက တာချီလိတ်မြို့နယ်ကိုဗစ်-၁၉ရောဂါကုသရေးအသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာများဖြစ်သည့် မိုးကုတ်ရိပ်သာ၊ခရိုင်အားကစားရုံ၊ ပြည်သူ့ဆေးရုံဟောင်းနှင့် ဝမ်လုံကုသရေးစင်တာများတွင် ဆေးကုသမှုခံယူရမည်ဖြစ်ကြောင်း အသိပေးကြေ ညာခဲ့သည်။
ထို့ပြင် တာချီလိတ်မြို့နယ်အတွင်းရှိ အများပြည်သူများ ကိုဗစ်-၁၉ရောဂါများနှင့်ပတ်သက်၍အကူအညီလိုအပ်ပါက တာချီလိတ်မြို့နယ်၊ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ ဉက္ကဌ ဉီးတင်ဉီးကျော်(၀၉၂၅၈၅၂၅၅)၊ ခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းနိုင်(၀၉၅၁၅၃၄၈၆)နှင့် ပရဟိတအဖွဲ့များဖြစ်သည့် မေတ္တာရှင်လူမှုကူညီရေးအသင်း(၀၉၂၅၀၉၅၀၃၇၇)၊ အလင်းရောင်လူမှုကူညီရေးအသင်း(၀၉၂၆၃၇၂၃၄၅၀)၊ တာချီလိတ်နာရေးကူညီမှုအသင်း(၀၉၄၄၂၇၄၇၀၇၇)(၀၉၂၅၇၂၆၃၃၃၄) များ သို့ ဆက်သွယ်အကြောင်းကြားနိုင်ပါကြောင်း သိရှိရသည်။
တာချီလိတ်
(ခရိုင်ပြန်/ဆက်)


