နေပြည်တော် ၊ ၈  ဇန်နဝါရီ 

တာချီလိတ်မြို့နယ်၌ ငွေကျပ် ၃ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ၊ လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းသတင်းထုတ်ပြန်ချက်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဇန်နဝါရီ ၆ ရက် ညနေ ၆ နာရီခန့်တွင် တာချီလိတ် မြို့နယ်၊ ဖန်မင်-ဝှေလေလန်ကျေးရွာ သွားကားလမ်းတွင် စိုင်းရွက် မောင်းနှင်လာသည့် Honda Fit အမျိုးအစား မော်တော်ယာဉ်ကို ရှာဖွေရာ အိုက်စ်(မက်အဖက်တမင်း) ၁ ကီလို၊ ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၎င်းကျည် ၅ တောင့် တို့ကို သိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးပေါ်ပေါက်ချက်အရ ည ၇ နာရီတွင် ဖန်မင်ကျေးရွာအုပ်စု၊ ဝမ်ကျောက်လုံကျေးရွာနေ အိုက်ခေါက်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအားမတွေ့ရှိဘဲ နေအိမ်ခြံဝင်း အတွင်းရပ်တန့်ထားသည့် Fortuner အမျိုးအစားမော်တော်ယာဉ်၏ နောက်ခန်းအတွင်းနှင့် နေအိမ်မြေအောက်ခန်းအတွင်းတို့မှ ငွေကျပ် ၃ ဒသမ ၂ ဘီလီယံ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၁၆ ဒသမ ၉ သိန်း၊ စိတ်ကြွရူးသွပ်ဆေးမှုန့် ၅၈ ကီလို၊ အိုက်စ် (မက်အဖက်တမင်း) ၈၆ ဒသမ ၅ ကီလို၊ ဘိန်းဖြူ ၂၃ ဒသမ ၁ ကီလို၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်မျိုးစုံ ၅၄ တောင့်နှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသောဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သဖြင့်  စိုင်းရွက်(၃၇)နှစ်၊ အိုက်ခေါက်(ဖမ်းမမိ)တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်း သိရသည်။ 

သတင်းစဉ်