နေပြည်တော် ဖေဖော်ဝါရီ ၂၆

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၃,၉၀၀ ကျော်တန်ဖိုးရှိ  အိုက်စ်(မက်သ်အဖက်တမင်း) ၄၉ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

Description: \\MAINPC\Main(2)\2024 DATA\10. Daily Significant Case (2024)\01. January\23-1-2024 ATS 20 Lakhs, Ice 23 kg & Opium  75 kg (Su-30)\Photos\Mail Photos\viber_image_2024-01-23_20-47-42-117.jpg မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၃ ရက် ည ၇ နာရီတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအနီးတွင် မိုင်းဆတ်မှ တာချီလိတ်သို့ စိုင်းချစ်ဦးဝေ မောင်းနှင်ပြီး စိုင်းညွန့်ရွှေ လိုက်ပါလာသည့် ISUZU အမျိုးအစား Box Truck ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလ တန်ဖိုးငွေကျပ်သိန်း ၃,၉၀၀ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၄၉ ကီလို သိမ်းဆည်းရမိခဲ့ပြီး ယင်းနေ့ ည ၇ နာရီခွဲတွင် သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် စိုင်းခမ်းလှ၊ စိုင်းပီးနှင့် စိုင်းစံထွန်း(ခ)စိုင်းထွန်း(ခ) နောင့်ထွန်း တို့အား CROWN ယာဉ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့၍ စစ်ဆေးခဲ့ရာ တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာရှိ ဖမ်းမိတရားခံ စိုင်းစံထွန်း(ခ)စိုင်းထွန်း(ခ)နောင့်ထွန်း၏ နေအိမ်မှ အိုက်စ် (မက်သ်အဖက်တမင်း) ၆၀ ဂရမ် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကျေးသီးမြို့နယ်မှ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်