နေပြည်တော် ၁ ဇူလိုင်
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တွင် ဇွန် ၃၀ ရက် ညနေ ၄ နာရီ ၁၀ မိနစ်က မိုးကြိုးထိမှန်ပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဝမ်ကောင်းမွန်ကျေးရွာ ဦးအင်းဖျန်း (၅၆)နှစ်သည် ကျေးရွာအရှေ့ဘက်ရှိ လယ်ကွက်အတွင်း နွားကျောင်းနေစဉ် မိုးကြိုးပစ်ခတ်မှုကြောင့် မိုးကြိုးထိမှန်ပြီး ဝဲပခုံး/ နောက်ကျော/ ခြေထောက်တို့တွင် မီးလောင်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သဖြင့် တာချီလိတ်မြို့မရဲစခန်း၌ သေမှုသေခင်း ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား