နေပြည်တော် ၂၇ ဇွန်
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ယမန်နေ့ ညနေ ၆ နာရီခွဲက တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ဝမ်ကျောက်လုံကျေးရွာဈေးအနီးတွင် အိုက်လွိုင်နွဲ့ (ခ) အိုက်နွဲ့ မောင်းနှင်လာသော မော်တော်ဆိုင်ကယ်နှင့် စိုင်းစီမောင်းနှင်လာသော မော်တော်ယာဉ်တို့ကို ရပ်တန့်ရှာဖွေရာ အိုက်လွိုင်နွဲ့ (ခ) အိုက်နွဲ့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀၊ လက်ကိုင်ဖုန်းတစ်လုံးနှင့် စိုင်းစီထံမှ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား