နေပြည်တော် ၁၅ ဇွန်
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၉၇,ဝဝဝ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများကို ယမန်နေ့ မွန်းလွဲပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇွန် ၁၄ ရက် နံနက် ၂ နာရီ ၄၅ မိနစ်က တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ စန်းလု-ဂျောပကျေးရွာ တောလမ်းတွင် လီကျာ မောင်းနှင်လာသည် HIlUX အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေနေစဉ် ၎င်းနောက်မှ မောင်းနှင်လာသော Hilux အမျိုးအစား မော်တော်ယာဉ်သည် ယာဉ်အား ရပ်တန့်၍ ယာဉ်မောင်း ကျဖူမှာ ထွက်ပြေးသွားပြီး အဆိုပါယာဉ်ပေါ်တွင် မနာဖူ အား တွေ့ရှိပြီး ယာဉ်နောက်ခန်းမှ ငွေကျပ်သိန်းပေါင်း ၉၇,ဝဝဝ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆,၅၀၂,၀၀၀၊ လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် လီကျာ၊ မနာဖူတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဉပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။
(သတင်းစဉ်)