တာချီလိတ် ၂၅ မေ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှောင်လမ်း ဖောက်လုပ်ရာတွင်ပါဝင်သွားသော မြေယာများ အတွက် တောင်သူများအား လျော်ကြေးငွေပေးအပ်ခြင်းကို မေ ၂၅ ရက် နံနက် ၁၀ နာရီအချိန် ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လျော်ကြေးငွေများကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ ခရိုင်စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် ခရိုင်လမ်းဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဇင်မင်းဦးတို့က တောင်သူငါးဦးတို့ကို ပေးအပ်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ကျပ်ငွေသိန်းပေါင်း တစ်ထောင့်သုံးရာ ခြောက်ဆယ် ရှစ်သိန်းကျော်(၁၃၆,၈၉၃,၉၀ဝ)ရှိကြောင်း သိရသည်။
မြေယာလျော်ကြေးငွေများကို သင်္ကြန်မတိုင်မီကာလတွင် ပေးအပ်ရန်စီစဉ်ထားခဲ့သော်လည်းကိုဗစ်-၁၉ ကူးစက် ရောဂါကြောင့် ဆိုင်းငံ့ထားရခြင်းဖြစ်ပြီး ယခုအချိန်မှ ပေးအပ်ရခြင်းဖြစ်ကြောင်း ယခုအချိန်ထိ အကြောင်းအမျိုးမျိုးကြောင့် လျော်ကြေး ငွေများလက်ခံရန် တောင်သူ ဆယ်ဦးကျော်ခန့်ရှိသေးပြီး ကျန်ရှိနေသော တောင်သူများအနေဖြင့်လျော်ကြေးငွေများကို အမြန်ဆုံး လက်ခံပေးနိုင်ရန် မေတ္တာရပ်ခံ လိုကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးမှ ပြောကြားခဲ့သည်။
တာချီလိတ်မြို့ ရှောင်လမ်းသည် အရှည်(၆.၄)ကီလိုမီတာ၊ အကျယ်ပေ(၄၀) သံကူကွန်ကရစ် တံတား(၂၇)စင်း၊ လမ်းသားအကျယ်(၈၄)ပေ ရှိကြောင်း သိရှိရသည်။
ယာဆေး(ပြန်/ဆက်)


