တာချီလိတ်   ၁၃   မတ်            

 

တာချီလိတ်မြို့တွင် မီးခိုးမြူငွေ့များ များပြားပြီး လေထုညစ်ညမ်းလျက်ရှိရာ လေထုညစ်ညမ်းမှုလျှော့နည်း ကျဆင်းစေရေးအတွက် အရန်မီးသတ်တပ်ဖွဲ့မှ ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်က မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၁) စ၍ ရေမှုန်ရေမွှား ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။

 

မြို့နယ်အုပ်ချုပ်ရေးမှူး၏ လမ်းညွှန်ခွင့်ပြုချက်ဖြင့် ယခုကဲ့သို့ ပက်ဖျန်းပေးခြင်းဖြစ်ပြီး ညနေ ၅ နာရီခန့်ကလည်း ထပ်မံ ပက်ဖျန်းပေးခဲ့ကြောင်း  အရန်မီးသတ် တပ်ဖွဲ့မှူးထံမှ သိရှိရသည်။

 

တာချီလိတ်မြို့တွင် မီးခိုးမြူငွေ့ဖုံးလွှမ်းခြင်းများ လျှော့နည်းစေရေးအတွက် တချီလိတ်ခရိုင် မီးသတ်တပ်ဖွဲ့၊ တာချီလိတ်မြို့နယ်အရန်မီးသတ် တပ်ဖွဲ့နှင့် သစ်တောဉီးစီးဌာနတို့မှ ရေးပက်ဖျန်းမှုများကို မတ်လ(၁၂)ရက်နေ့မှ စ၍ လုပ်ဆောင်နေကြခြင်း ဖြစ်ကြောင်း သိရသည်။

 

ယာဆေး(ပြန်/ဆက်)