တာချီလိတ် ဇူလိုင် ၉

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်မိုင်ရွာတွင် ဇူလိုင် ၉ ရက် နံနက် ၆ နာရီကျော်၌ လျှပ်စစ်ထမင်းပေါင်းအိုး အသုံးပြုရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်မိုင်ရွာ၊ အိမ်အမှတ်(၇/၅၃)၊ ငါးခန်းတွဲ အိမ်ပိုင်ရှင် ဦးနေဝင်းအောင်သည် လျှပ်စစ်ထမင်းအိုးနှင့် လျှပ်စစ်ဒယ်အိုးများ အသုံးပြုရာမှ ဝါယာကြိုး အပူလွန်ကဲပြီး မီးလောင်ရခြင်းဖြစ်ကြောင်း သိရှိရပြီး မီးပေါ့စစွာ သုံးစွဲသူ ဦးနေဝင်းအောင်အား တာချီလိတ်မြို့မရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

ယာဆေး (ပြန်/ဆက်)