တာချီလိတ် ၁၀ နိုဝင်ဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် ရွှေတိဂုံစေတီရင်ပြင်တော်၌ မြို့လုံးကျွတ် သံဃဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲကို နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

 

15

 

ရှေးဦးစွာ ဆရာတော်၊ သံဃာတော်များမှ ဗုဒ္ဓဘိသေက အနေကဇာတင် မင်္ဂလာဆောင်ရွက်ပြီး အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်၍ ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည့် ပရိတ်တရားတော်များ နာယူခဲ့ကြသည်။

ဆက်လက်၍ ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီး သာဓုအနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေသည်။

ထို့နောက် သံဃာတော်အပါး ၃၅၀ တို့အား လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊  တာချီလိတ်မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက ဆွမ်းဆန်တော်များ စုပေါင်းလောင်းလှူကြကြောင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ သိရသည်။

MDN