တာချီလိတ်မြို့တွင် မြို့မီးလင်းရေးရုံး အဆောက်အဦသစ် ဖွင့်လှစ်

တာချီလိတ် ၁ ဒီဇင်ဘာ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မြို့မီးလင်းရေးအဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲက ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ စစ်ဗျူဟာအဖွဲ့(အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးသော်ဇင်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့မိမြို့ဖများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

အခမ်းအနားတွင် လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီးမှ ဝမ်းမြောက်ဂုဏ်ပြုစကား ပြောကြားပြီး တာချီလိတ် မြို့လင်းရေးကော်မတီဥက္ကဋ္ဌ ဦးတင်လှိုင်မှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့မီးလင်းရေးရုံး အဆောက်အဦသစ်ဖွင့်ပွဲ အထိမ်းအမှတ် အလံများပေးအပ်ပြီး အမှတ်တရ မှတ်တမ်းဓာတ်ပုံများရိုက်ကူးကာ ရုံးအဆောက်အဦသစ်အား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ယာဆေး (ပြန်/ဆက်)