နေပြည်တော် ၁၀ အောက်တိုဘာ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (တာချီလိတ် ရုံးခွဲ)မှ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေရှင်းလင်းဆွေးနွေးပွဲကို (၈.၁၀.၂၀၁၉)ရက်နေ့၊ နေ့လည်ပိုင်းတွင် တာချီလိတ်မြို့ရှိ 1G1 8 Hotel တွင် ကျင်းပခဲ့ပြီး ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားတွင် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ကျိုင်းတုံရုံးခွဲ ရှမ်းအရှေ့တာဝန်ခံနှင့် တာချီလိတ်ရုံးခွဲတာဝန်ခံတို့မှ မြန်မာ နိုင်ငံခရီးသွားလုပ်ငန်းဥပဒေနှင့် ပတ်သက်၍ တက်ရောက်လာသူများအား ဥပဒေလက်ကမ်းစာအုပ်များ ဖြန့်ဝေကာ အသေးစိတ်ဖတ်ကြား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ကျိုင်းတုံရုံးခွဲနှင့် တာချီလိတ်ရုံးခွဲတို့မှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရွှေတြိဂံဟိုတယ်ဇုန် ဥက္ကဌ၊ တာချီလိတ်မြို့မှ ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်းရှင်များ၊ ခရီးသွားကုမ္ပဏီများမှလုပ်ငန်းရှင်များ၊ ဒေသဆိုင်ရာ ဧည့်လမ်း ညွှန်များ စုစုပေါင်း ၈၀ ခန့် တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲအခမ်းအနားကို ညနေပိုင်းတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
MDN


