နေပြည်တော်  ၆  အောက်တိုဘာ

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် အောက်တိုဘာ ၅ ရက် ည ၆ နာရီ မိနစ် ၅၀ က သတင်းအရ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၃)၊ ဗိုလ်ချုပ်လမ်းမပေါ်တွင် စိုင်းဆွေအောင် (ခ)အိုက်ခမ်း မောင်းနှင်လာသော Toyota Hilux Revo အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၆၉၈,၀၀၀  သိမ်းဆည်းရမိခဲ့ကြောင်း။

 

သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများကို ထိုင်းနိုင်ငံ၊ မယ့်စလောင်းမြို့နေ အားထူ၏အစီအမံဖြင့် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းအုပ်စု၊ ရေပူစမ်းကျေးရွာနေ ကျော်စိုးမှ သိမ်းဆည်းရမိ မော်တော်ယာဉ်ဖြင့် တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်သို့ လာရောက်ပို့ဆောင်ပေးခဲ့ကြောင်း၊ ၎င်းမှ အဆိုပါမော်တော်ယာဉ်အား ယူဆောင်ပြီး မြန်မာ-လာအိုနယ်စပ်၊ ဝမ်တုံရွာအလွန် မဲခေါင်မြစ်ဘေးသို့ သယ်ဆောင်ပေးရန် မောင်းနှင်လာစဉ် ဖမ်းဆီးခြင်းခံရကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် စိုင်းဆွေအောင် (ခ)အိုက်ခမ်းအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်တရားခံများ ဆက်လက်ဖမ်းဆီးလျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

 

ရဲပြန်ကြား