တာချီလိတ် မေ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် မြန်မာနိုင်ငံသို့ တရားဝင် လာရောက် အလုပ်လုပ်ကိုင် လျက်ရှိသော နေရပ်ပြန်လိုသည့် ထိုင်းနိုင်ငံသား အမျိုးသားသုံးဦး(ကျောင်းသားတစ်ဦး)တို့ကို မေ ၁၃ ရက် နံနက် ၉ နာရီက မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား (၂) မှ ပြန်လည်လွှဲပြောင်း ပို့ဆောင် ပေးခဲ့ကြောင်း သိရှိရသည်။
နေရပ်ပြန် ထိုင်းနိုင်ငံသားများသည် မြန်မာနိုင်ငံသို့ တရားဝင်လာရောက် အလုပ်လုပ်ကိုင်သူများဖြစ်ပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် အလုပ်ရုံများ ပိတ်သဖြင့် နေရပ်သို့ပြန်ခြင်းဖြစ်ကြောင်း သိရသည်။
နေရပ်ပြန် ထိုင်းနိုင်ငံသားသုံးဦးကို တာချီလိတ်မြို့ လဝကဌာနခွဲ(၆)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်မြင့် ဦးဆောင်သည့် တာဝန်ရှိပုဂ္ဂိုလ်များနှင့် CNCMC အဖွဲ့က ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး ထိုင်းနိုင်ငံမှ လဝက အရာရှိ Sakhonnawat Luansomwang ဦးစီးအဖွဲ့နှင့် ကျန်းမာရေးအရာရှိ Priawpurin Manopeaw တို့က ပြန်လည်လက်ခံခဲ့ကြကြောင်း သိရှိရသည်။
ယာဆေး(ပြန်/ဆက်)


