တာချီလိတ် ၂ ဧပြီ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့ရှိ တည်းခိုခန်းတစ်ခုတွင် ဧပြီ ၁ ရက်၊ ညနေ ၆ နာရီကျော်က အမျိုးသမီး တစ်ဦးအား စိတ်းကြွရူးသွပ်ဆေးပြား ၁၄၁၅၇ ပြားနှင့်အတူ ဖမ်းဆီးရမိကြောင်း မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ သိရသည်။
ဖြစ်စဉ်မှာ တာချီလိတ်မြို့၊ ပါဆတ်ရပ်ကွက်ရှိ တည်းခိုခန်းတစ်ခုတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် သက်သေများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါး သတင်းအရ စောင့်ဆိုင်းနေစဉ် SHN/…………နံပါတ်ပါ HARRIER အမျိုးအစားမော်တော်ယာဉ်ဖြင့် မောင်းနှင် ရောက်ရှိလာသည့် နန်းအေးယိင်း အား စစ်ဆေးရာ ၎င်း၏လက်ကိုင်အိတ်အတွင်းမှ စိတ်ကြွဆေးပြား ၁၄၀ဝ၀ နှင့် လွယ်အိတ်အတွင်းမှ စိတ်ကြွဆေးပြား ၁၅၇ ပြား စုစုပေါင်း စိတ်ကြွဆေးပြား ၁၄၁၅၇ ပြားအား ရှာဖွေတွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် နန်းအေးယိင်း အား တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဖြိုးလေး(တာချီလိတ်)
