တာချီလိတ် ၁၅ မေ
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေပေးအပ်လှူဒါန်းခြင်းကို ယနေ့တွင် ကုတင် (၁၀၀) ဆံ့ ခရိုင်ပြည်သူ့ဆေးရုံကြီး၌ ကျင်းပသည်။
ထို့နောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေကျပ် ငါးသိန်းကို တာချီလိတ်မြို့နယ် အားကစားအထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဦးတင်လှိုင်နှင့် ကော်မတီအဖွဲ့ဝင်များ (ကိုယ်စား) ဦးမြင့်သန်း (ဘဏ္ဏာရေးမှူး) မှ ပေးအပ်လှူဒါန်းခဲ့ရာ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက လက်ခံရယူခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)