တာချီလိတ် ဩဂုတ်     ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် သြဂုတ် ၁၁ ရက် နံနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့၍ မြို့တွင်းစီးဆင်းနေသည့် နမ့်ယွန်းချောင်း ရေလျှံခဲ့မှုကြောင့် ၎င်းချောင်းရေ ဝင်ရောက်မှုနှင့်အတူ တင်ကျန်ရစ်ခဲ့သည့် အမှိုက်များနှင့် ရွှံ့နွံများကို နယ်မြေခံ တပ်မတော်သားများ၊ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဩဂုတ် ၁၂ ရက်က ရှင်းလင်းဖယ်ရှား ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မယ်ခေါင်ရပ်ကွက်၊ ရွှေမြေသာယာပုဂ္ဂလိကဈေးအနီး လမ်းများနှင့် နေအိမ်များအတွင်း အမှိုက်များနှင့် ရွှံ့နွံ့များ တင်ကျန်ခဲ့မှုများကို ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အတွင်းရေးမှူး ဒုတိယဗိုလ်မှူးကြီးသိန်းဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ဦးကျော်တို့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် နယ်မြေခံ တပ်မတော်သားများ၊ မြို့နယ် စည်ပင်သာယာရေးဌာနနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး အမှိုက်များ ဆယ်ယူရှင်းလင်းခြင်း၊ ရွှံ့နွံများ ဖယ်ရှားရှင်းလင်းဆေးကြောခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်း ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ယာဆေး(ပြန်/ဆက်)