နေပြည်တော်  ၇  စက်တင်ဘာ

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၆ ရက် မွန်းလွဲပိုင်းက တာချီလိတ်မြို့နယ်၊ ဝမ်လုံကျေးရွာအုပ်စု၊ လွယ်စတုံ(အပေါ်)ကျေးရွာအနီး၌ ယန်းခေါင်ကျေးရွာဘက်မှ လောကဓမ္မဘုန်းကြီးကျောင်းဘက်သို့ အားဆူ(ခ)အားဖာ၊ လော်ဂျွန်းနှင့် အားတီတို့ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်(၃)စီးအား စစ်ဆေးရှာဖွေရာ WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား(၉၉,၈၀၀)၊ လက်ကိုင်ဖုန်း(၃)လုံးတို့ကို လည်းကောင်း။

 

အလားတူ ယင်းနေ့နံနက် ၁၁ နာရီခွဲက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သီပေါမြို့နယ်၊ မူဆယ်-မန္တလေး သွားကားလမ်း၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ချမ်းမြေ့ကိုကိုအောင် မောင်းနှင်ပြီး ဇေယျာထွန်း(ခ)ရာဇာ လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၀၀၀  သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

(ရဲပြန်ကြား)