တာချီလိတ် ၂၆  ဧပြီ

 

တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့်  နိုင်ငံခြားသားခရီးသွားဧည့်သည်များ နေ့စဉ်ဝင်ရောက် လည်ပတ်လျက်ရှိရာ  ဧပြီ ၁၉ ရက်နေ့မှ ၂၅ ရက်အတွင်း  ထိုင်းနိုင်ငံသား အများစုပါဝင်သည့် နိုင်ငံခြားသားကမ္ဘာလှည့် ခရီး သွားဧည့်သည် နေ့ချင်းပြန်နှင့် ညအိပ်ခရီးစဉ်အဖြစ် စုစုပေါင်း ၂၁၉၈၈ ဦး ဝင်ရောက် လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန၊ တာချီလိတ်ရုံးခွဲမှ သိရသည်။

 

mdn

 

နိုင်ငံခြားသား ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံအတွင်း ဘုရားဖူးခြင်း၊ ရေမြေတောတောင် သဘာဝအလှရှုခင်းများနှင့် အထင်ကရနေရာများ၊ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို ဗဟုသုတအဖြစ် ကြည့်ရှုလေ့လာရန် ဝင်ရောက်လျက်ရှိရာ တစ်ပတ်အတွင်း တာချီလိတ်နေ့ချင်းပြန်အဖြစ် ထိုင်းနိုင်ငံသား ၁၉၈၆၅ ဦးနှင့် တတိယနိုင်ငံသား(နိုင်ငံခြားသား) ၃၂၉ ဦး၊ မိုင်းလင်းကျေးရွာအုပ်စုရှိ လန့်တောင်းဘုရားသို့ ၁၃ ဦး၊ ညအိပ် ခရီးစဉ်အဖြစ်   မိုင်းဖြတ်မြို့နှင့် ကျိုင်းတုံမြို့သို့ ထိုင်းနိုင်ငံသား အများစုပါဝင်သည့် တတိယနိုင်ငံသား ကမ္ဘာလှည့် ခရီးသည် ၅၆၀ ဦး၊ ပြည်တွင်းခရီးစဉ်သို့ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည် ၁၂၂၁ ဦး ဝင်ရောက်လည်ပတ်ခဲ့သည်။

 

တာချီလိတ်နယ်စပ်ဝင်ပေါက်မှ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဧပြီလ ၂၅ ရက်နေ့အထိ နေ့ချင်းပြန်နှင့် ညအိပ်ခရီးသည်  ၃၅၆၄၀၄ ဦး၊ မိုင်းဖြတ်၊ ကျိုင်းတုံမြို့ခရီးစဉ်တွင် ၅၂၅၂ ဦး၊ ဗီဇာဖြင့် တာချီလိတ်၊ ကျိုင်းတုံနှင့် ပြည်တွင်းခရီးစဉ်သို့ ၂၅၅၂၂ ဦး၊ စုစုပေါင်းနိုင်ငံခြားခရီးသွားဧည့်သည် ၃၈၇၁၇၈ ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။

 

ဖြိုးလေး(ပြန်/ဆက်)

 

mdn