တာချီလိတ် ၂၆ ဇူလိုင်
တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့် နိုင်ငံခြားသားခရီးသွားဧည့်သည်များ နေ့စဉ်ဝင်ရောက် လည်ပတ်လျက်ရှိရာ ဇူလိုင်လ ၁၉ ရက်မှ ၂၅ ရက်အထိ ထိုင်းနိုင်ငံသား အများစုပါဝင်သည့် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားဧည့်သည် နေ့ချင်းပြန်နှင့် ညအိပ်ခရီးစဉ်အဖြစ် စုစုပေါင်း ၂၃၄၃၄ ဦးဝင်ရောက် လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တာချီလိတ်ရုံးခွဲမှ သိရသည်။

နိုင်ငံခြားသား ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံအတွင်း ဘုရားဖူးခြင်း၊ ရေမြေတောတောင် သဘာဝအလှရှုခင်းများနှင့် အထင်ကရနေရာများ၊ တိုင်းရင်းသားများ၏ မတူကွဲပြားသည့် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ လူနေမှုဘဝပုံစံများကို ဗဟုသုတအဖြစ် ကြည့်ရှုလေ့လာသိမြင်ခံစားနိုင်ရန် ဝင်ရောက်လျက်ရှိရာ တစ်ပတ်အတွင်း တာချီလိတ်နေ့ချင်းပြန်အဖြစ် ထိုင်းနိုင်ငံသား ၂၂၁၂၀ ဦး နှင့် တတိယနိုင်ငံသား(နိုင်ငံခြားသား) ၃၁၃ ဦး၊ တာလေ- လန့်တောင်းသို့ ထိုင်းနိုင်ငံသား ၂ ဦး၊ ညအိပ် ခရီးစဉ်အဖြစ် မိုင်းဖြတ်မြို့နှင့်ကျိုင်းတုံမြို့သို့ ထိုင်းနိုင်ငံသား အများစုပါဝင်သည့် တတိယနိုင်ငံသားကမ္ဘာလှည့်ခရီးသည် ၁၃၈ ဦး၊ ပြည်တွင်းခရီးစဉ်သို့ ဗီဇာဖြင့် (ဗီဇာကင်း လွတ်ခွင့်ရ) နိုင်ငံသား အပါအဝင် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည် ၈၆၁ ဦး ဝင်ရောက် လည်ပတ်ခဲ့သည်။
တာချီလိတ်နယ်စပ်ဝင်ပေါက်မှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဇူလိုင်လ ၂၅ ရက်အထိ နေ့ချင်းပြန်နှင့် ညအိပ်ခရီးသည် ထိုင်းနိုင်ငံသား ၆၃၄၁၀၆ ဦး၊ တတိယနိုင်ငံသား(နိုင်ငံခြားသား) ၈၀၈၆ ဦး၊ လန့်တောင်းဘုရားနေ့ချင်းပြန် ထိုင်းနိုင်ငံသား ၂၄၅ ဦး၊ မိုင်းဖုန်း နေ့ချင်းပြန်ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသား ၁၁၃ ဦး၊ မိုင်းဖြတ်၊ ကျိုင်းတုံမြို့ခရီးစဉ်တွင် ၇၃၉၃ ဦး၊ ဗီဇာ(ဗီဇာကင်းလွတ်ခွင့်) ဖြင့် ပြည်တွင်းခရီးစဉ်သို့ ၃၈၁၄၆ ဦး၊ စုစုပေါင်း နိုင်ငံခြားခရီးသွားဧည့်သည် ၆၈၈၀၈၉ ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။
ဖြိုးလေး(တာချီလိတ်)
