နေပြည်တော်  ၂၁   ဇွန်

 

နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ ရေမြေတောတောင် သဘာဝအလှများ၊ ခရီးသွားဆွဲဆောင်သည့်နေရာများ၊ တိုင်းရင်းသားတို့၏ မတူကွဲပြားသည့် ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များ၊ လူနေမှုဘဝပုံစံများကို ကြည့်ရှုလေ့လာသိမြင်ခံစားနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်များနှင့် နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ အဆက်မပြတ် ဝင်ထွက်သွားလာလည်ပတ်လျက်ရှိသည်။

 

၂၀၁၉ ခုနှစ်၊ ဇွန် ၁၄ ရက်နေ့မှ ဇွန် ၂၁ ရက်နေ့အထိ တာချီလိတ်နယ်စပ် ဝင်/ထွက်ပေါက်မှတစ်ဆင့် ညအိပ်/ နေ့ချင်းပြန်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် ထိုင်းနိုင်ငံသား (၂၂၃၈၆) ဦးနှင့် တတိယနိုင်ငံသား နိုင်ငံခြားသားခရီးသွားဧည့်သည် (၂၃၄) ဦး၊  လန့်တောင်းနေ့ချင်းပြန် ခရီးစဉ်သို့ ထိုင်းနိုင်ငံသား (၄) ဦး၊  မိုင်းဖြတ်၊ ကျိုင်းတုံခရီးစဉ် အနေဖြင့် ထိုင်းနိုင်ငံသားအများစု ပါဝင် သော တတိယနိုင်ငံသားကမ္ဘာလှည့်ခရီးသည် (၁၀၄) ဦး၊ ပြည်တွင်းခရီးစဉ်သို့ လာရောက်လည်ပတ် ကြသည့် နိုင်ငံခြားသားခရီးသွားဧည့်သည် (၁၀၅၂) ဦး ရှိကြောင်း သိရှိရသည်။

 

နေ့ချင်းပြန်ခရီးစဉ်အဖြစ်  တာချီလိတ်မြို့ရှိ တာလော့ဈေး၊ ဘုရင့်နောင်ရုပ်တု၊ မဟာမြတ်မုနိ ဘုရားကြီး၊ ဝမ်ကောင်းဈေး၊ ကိုးမြို့ရှင်နတ်နန်း၊ ရွှေတိဂုံစေတီတော်၊ မြို့လယ်ဓမ္မာရုံ၊ ပဒေါင်ကျေးရွာ၊ နဂါးနှစ်ကောင် ဆရာတော်ကျောင်း၊ ကွမ်ရင်မယ်တော်နှင့် တရုတ်ဘုံကျောင်း၊ ကျောက်တန်းဈေးများသို့ သွားရောက်လည်ပတ်ကြပြီး လန့်တောင်းနေ့ချင်းပြန်ခရီးစဉ်အဖြစ် မိုင်းလင်းဆရာတော်ကျောင်း၊ ရှေးဟောင်းတန်ခိုးကြီးစေတီပုထိုးများ၊ ရှမ်း၊ အာခါ၊ လားဟူ စသည့် တိုင်းရင်းသားကျေးရွာများသို့ လေ့လာလည်ပတ်ခဲ့ကြသည်။

 

ညအိပ်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသားခရီးသွားဧည့်သည်များသည် မိုင်း ဖြတ်မြို့ရှိ မြတ်စွာဘုရားခြေတော်ရာစေတီ၊ ဈေးတန်းကြီး ဘုန်းကြီးကျောင်း၊ သမိုင်းဝင်ဆုတောင်းပြည့် ဆံတော်ရှင်စွန်တောင်းစေတီ၊ ကျိုင်းတုံမြို့အဝင် ဗုဒ္ဓဥယျာဉ်နှင့် ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိ၊ ဟိုခုံ ကျောင်း၊ မြဘုရားကျောင်း၊ ကျိုင်းရင်းဘုန်းကြီးကျောင်း၊ ဝပ်အင်းကျောင်း၊ စွန်တောင်းစေတီ၊ ကျော့မ် ဆရီစေတီ၊ ရမ်းကုန်းဘုန်းကြီးကျောင်း၊ ပါလျန်ကျောင်း၊ ရပ်တော်မူ၊ သစ်တစ်ပင်တောင်၊ ကမ္ဘာအေးစေတီ၊ စံပြယန်းလောကျေးရွာ၊ ကတ်တောင်ကျေးရွာအနီးရှိ ကိုးထပ်ရေတံခွန် စသည့် အထင်ကရ နေရာများသို့ သွားရောက်လည်ပတ်ခဲ့ကြပြီး တာချီလိတ်မြို့မှ လေကြောင်းဖြင့်တိုက်ရိုက်ပျံသန်းသည့် ဟဲဟိုး- ရန်ကုန်- မန္တလေး- မြစ်ကြီးနား- လားရှိုးမြို့များမှ တဆင့်  မြန်မာနိုင်ငံအတွင်းပိုင်းရှိ ခရီးစဉ်များ အား ဝင်ရောက်လည်ပတ်ခဲ့ကြကြောင်း သိရသည်။

 

တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့် ဝင်ရောက်သည့် နိုင်ငံခြားခရီးသွားဧည့်သည်အရေ အတွက်မှာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ ဇွန်လ (၂၀) ရက်နေ့အထိ  နေ့ချင်းပြန်/ညအိပ် ထိုင်းနိုင်ငံသားစုစုပေါင်း (၅၂၅၄၉၃) ဦး ၊ တတိယနိုင်ငံသားအများစု ပါဝင်သော နေ့ချင်းပြန်/ ညအိပ်ခရီးသည် (၆၅၆၇) ဦးဖြစ်ပြီး လန့်တောင်းနေ့ချင်းပြန် ခရီးစဉ်သို့ ထိုင်းနိုင်ငံသား စုစုပေါင်း (၁၉၅) ဦး ၊ မိုင်းဖြတ်၊ကျိုင်းတုံအနေဖြင့်  စုစုပေါင်းခရီးသည်  (၆၃၃၇) ဦး ၊ ဗီဇာ (ဗီဇာကင်းလွတ် ခွင့်)ဖြင့် ပြည်တွင်းသို့ ဝင်ရောက်လည်ပတ်သည့် ခရီးသည်စုစုပေါင်း (၃၃၈၇၀) ဦးတို့ ဝင်ရောက်လည်ပတ်ခဲ့ကြောင်း သတင်းရရှိသည်။

 

MDN

 

21-6-201