တာလေ ၂၆ မတ်

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့သည် မြို့တွင်းဈေးဆိုင်များနှင့် အမှတ်(၃၁၆) တပ်ရင်းရှေ့ရှိ တပ်နယ်ဈေးအတွင်း စားသောက်ကုန်များ၊ လူသုံးကုန်များနှင့် ကုန်ပစ္စည်းများကို ကုန်ဈေးနှုန်းများ တိုးမြှင့်ရောင်းချမှု မရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက ရှောင်တခင် စစ်ဆေးဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် တာလေမြို့အတွင်းရှိ ဈေးဆိုင်များ၌ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါကို  အကြောင်းပြ၍ စားသောက်ကုန်များ၊ လူသုံးကုန်များနှင့် ကုန်ပစ္စည်းများကို ဈေးနှုန်းများ တိုးမြှင့်ရောင်းချခြင်း မရှိစေရေး ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး ကိုရိုနာဗိုင်းရပ်စ် COVID-19 ကာကွယ်ရေးအတွက် လူထပ်သည့်နေရာများသို့ သွားလာခြင်းမပြုကြရန်၊ စားသုံးသူများအနေဖြင့် စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်များ၌ ဆိုင်ထိုင်စားသောက်ခြင်း မပြုလုပ်ကြရန်နှင့် ဈေးဆိုင်များကလည်း ပါဆယ်ဆွဲသာ အများဆုံးရောင်းချကြရန် အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အောင်ကျော်မိုး(ပြန်/ဆက်)