တာလေ ဇူလိုင် ၁၂

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာလေမြို့ မိုင်းလင်း(အရှေ့)အုပ်စုရှိ စံပါရမီကုမ္ပဏီ (SETCL-6A, 7A) လုပ်ကွက်၌ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။

 

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံနှင့် တာဝန်ရှိသူများက ပျိုးပင်များ ပေးအပ်ကြသည်။

 

ဆက်လက်၍ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စံပါရမီကုမ္ပဏီမှ တာဝန်ရှိသူများ၊ ရှမ်း၊ အာခါ၊ လားဟူနှင့် 'ဝ' တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံပြည်သူများက ကျွန်းပင်၊ မန်ဂျန်ရှားပင်နှင့် မဲဇလီပင် စုစုပေါင်း ပျိုးပင် ၉၃၅ ပင်ကို စုပေါင်း စိုက်ပျိုးခဲ့ကြောင်း သိရသည်။

မြင့်မိုရ်(တာချီလိတ်)