တာလေ ၇ ဇန်နဝါရီ       

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် တာလေမြို့တိုက်နယ် ကျန်းမာရေးဌာနတွင် မွေးကင်းစအသက် ၂ လမှ ၁ နှစ်ခွဲအောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးခြင်း တိုက်ကျွေးခြင်းများကို  ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။

လစဉ် ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ကျွေးခြင်းအစီအစဉ်တွင် တာလေမြို့ပေါ်ရပ်ကွက်အတွင်း ရှိ အသက် ၂ လမှ ၁ နှစ်ခွဲအောက် ကလေးငယ်များအား ဘီစီဂျီ ကာကွယ်ဆေး၊ rota ပြင်းထန်ဝမ်းပျက်ဝမ်းလျှော၊ ပြင်းထန်အဆုတ်ရောင်၊ ဆုံဆို့- ကြက်ညှာ - မေးခိုင် - အသည်းရောင်အသားဝါ(ဘီ) - ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဂျပန်ဦးနှောက်ရောင် နှင့် ဝက်သက်- ဂျိုက်သိုးကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေးနှင့် ပိုလီယိုအစက်ချကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း တိုက်ကျွေးခြင်းအပြင် ကာကွယ်ဆေး ထိုးခြင်း တိုက်ကျွေးခြင်းနှင့် အသိပညာပေးခြင်းကိုဆောင်ရွက်ပြီး တာလေတိုက်နယ် ကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နန်းစိန်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများက ကလေးငယ်များအား လစဉ် ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့် တိုက်ကျွေးခြင်းများကို ဆောင်ရွက်ပေးခြင်း   ဖြစ်ကြောင်းလည်း သိရှိရသည်။

အောင်ကျော်မိုး (ပြန်/ဆက်)