တာလေ ၁၇ ဇွန် 

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ကမ္ဘောဇဘဏ်(KBZ)နှင့် ရှမ်းပြည်နယ် ပြည်သူလူထု ကိုဗစ်-၁၉ စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီတို့မှ လှူဒါန်းသည့် အခြေခံစားကုန် (၄)မျိုးကို ဇွန်(၁၇)ရက် ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ အိမ်တိုင်ရာရောက် ဆက်လက်ဖြန့်ဝေ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ပေးအပ်လှူဒါန်းရာတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ် ၊ တာလေမြို့ အုပ်ချုပ်ရေးမှူး ဦးချစ်ကိုနှင့် မြို့အဆင့်ဖွဲ့စည်းတာဝန် ပေးအပ်ထားသော ဌာနဆိုင်ရာများက ရပ်ကွက်ကျေးရွာ အုပ်စုအလိုက် တာဝန်ယူကြီးကြပ်၍ တာလေမြို့အတွင်း ရပ်ကွက်(၃)ရပ်ကွက်၊ ကျေးရွာအုပ်စု (၃)အုပ်စုရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု ( ၃၁၆ ) စုသို့ အိမ်ထောင်စု တစ်စုလျှင် ဆန်(၃)ပြည်၊ ဆီ(၂၅)ကျပ်သား၊ ကုလားပဲ(၅၀)ကျပ်သား၊ ဆား(၁၈) ကျပ်သား နှုန်းဖြင့် အိမ်တိုင်ရာရောက် ဆက်လက်ဖြန့်ဝေ လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

အောင်ကျော်မိုး (ပြန်/ဆက်)