တာမွေ မေ ၂၀
ရန်ကုန်တိုင်းဒေသကြီးတာမွေမြို့နယ်ရှိ အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့က ရန်ကုန်ဆေးရုံအုပ်ကြီး ဒေါက်တာဦးအောင်လင်းအေး၏ ဦးဆောင်မှုဖြင့် ဗဟိုအဆင့်ဆေးရုံကြီးများ ပူးပေါင်း၍ ပြည်သူ ၈၀၀ ကျော်အား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်း ဆောင်ရွက်ပေးသည်။
ထိုသို့ ကွင်းဆင်းကုသဆောင်ရွက်ပေးရာတွင် တာမွေမြို့နယ်အပါအဝင် နီးစပ်ရာမြို့နယ်များမှ ပြည်သူ ၈၂၉ ဦး လာရောက်ပြသခဲ့ရာ စုစုပေါင်းကုသမှု ၁၈၁၃ ဦး ရောဂါလာရောက် စစ်ဆေးကုသမှုများခံယူ ကြသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးနေမှုကို ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)


