ရန်ကုန် ဒီဇင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက်ရှိ မအူကုန်းလမ်းကျယ်တစ်လျှောက် ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (လမ်းနှင့်တံတား) ဌာနမှ တာဝန်ရှိသူများက ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှုစစ်ဆေးရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (လမ်းနှင့်တံတား) ဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အဆိုပါ မအူကုန်းလမ်းကျယ်တစ်လျှောက် ဆောင်ရွက်လျက်ရှိသော ကတ္တရာလမ်းမှာ အရှည်ပေ ၁၃၄၀၊ အကျယ် ၁၉ ပေ၊ အမြင့် နှစ်လက်မထုရှိပြီး တန်ချိန် ၄၀၁ တန်ဖြင့် ထပ်ပိုးလွှာ ခင်းခြင်းဖြစ်ကာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ခြောက်လတာ ငွေလုံးငွေရင်း အသုံးစရိတ် ရန်ပုံငွေဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (လမ်းနှင့်တံတား) ဌာနမှ တာဝန်ယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)