ရန်ကုန် ၁၉ ဇူလိုင်
တာမွေမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများကိုသိရှိပြီး မျိုးဆက်သစ်လူငယ်များ၏ နှလုံးသားတွင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ နိုင်ငံနှင့်လူမျိုးအတွက် စွန့်လွှတ်စွန့်စား ဆောင်ရွက်ခဲ့မှုများကို မမေ့မလျော့ မှတ်မှတ်ရရ ရှိစေရန်နှင့် အာဇာနည် တစ်ဦးချင်းစီ၏ လေးစားအားကျအတုယူစရာအချက်များကို သိရှိနားလည်ပြီး ၎င်းတို့ ရယူပေးခဲ့သည့် လွတ်လပ်ရေးကို အလေးထားတန်ဖိုးထားသည့်စိတ်၊ အမိနိုင်ငံတော်ကြီးကို ချစ်မြတ်နိုးသည့် စိတ်ဓာတ်များ ပေါက်ဖွားရင့်သန်လာစေရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အတွင်းရှိ ကားမှတ်တိုင်များ၊ ဈေးများ၊ ဘူတာများ၊ လက်ဖက်ရည်ဆိုင်များနှင့် လမ်းဆုံလမ်းခွနေရာများ ၊ အားမာန်သစ်စာကြည့်တိုက်တွင် ကျင်းပသည့် ( ၇၂)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အခမ်းအနား အပါအဝင် လူစည်ကားသည့် နေရာများတွင် လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်များတွင် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံအကြောင်း၊အာဇာနည်ခေါင်းဆောင်ကြီးများ၏ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်အပြည့်အဝဖြင့် မြန်မာ့လွတ်လပ်ရေးအတွက် စွန့်လွှတ်စွန့်စား ဆောင်ရွက်ခဲ့ကြပုံများအကြောင်းနှင့် အာဇာနည်တစ်ဦးချင်းစီ၏ လေးစားအားကျအတုယူစရာ အချက်များအကြောင်း အကျယ်တဝင့် အသိပညာပေး ရှင်းလင်းထားကြောင်း သတင်းရရှိသည်။
နိုင်လင်းအောင် (တာမွေ)


