ရန်ကုန်၊ ၃ ဒီဇင်ဘာ
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် တာမွေလေးရပ်ကွက် လေးထောင့်ကန် လမ်းမကြီးပေါ်တွင် ဒီဇင်ဘာ ၃ ရက် နံနက် ၉ နာရီ မိနစ် ၄၀ အချိန်က တာမွေမြို့နယ်ဘက်မှ သင်္ဃန်းကျွန်းမြို့နယ်ဘက်သို့ မောင်းနှင်လာသော အဖြူရောင် ဟိုက်ဂျက်အမျိုးအစား မော်တော်ယာဉ်အတွင်းရှိ စပီကာနှင့် ဘတ်ထရီ သွယ်တန်းထားသော ဝါယာကြိုး အပူလွန်ကဲရာမှ ကားမီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ကားမီးလောင်မှုဖြစ်ပွားခဲ့သည့်နေရာသို့ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၆)ဦး ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၈)ဦးတို့ဖြင့် ရောက်ရှိ မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ (၅၀)မိနစ်အချိန်တွင် မီးငြိမ်းခဲ့သည်။
ကားမီးလောင်ကျွမ်းခဲ့မှုနှင့်ပတ်သက်၍ ယာဉ်မောင်း ဦးမောင်မောင်မျိုးအား ဥပဒေနှင့်အညီ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
နိုင်လင်းအောင်(ပြန်/ဆက်)