ရန်ကုန်   ၂၁  ဧပြီ

 

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ် လျှပ်စစ်ရုံးတွင် ယနေ့ မီတာခ လာရောက် ပေးဆောင်သူများသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက်  Mask များ တပ်ဆင်ခြင်း၊ တစ်ဦးနှင့် တစ်ဦး ၆ ပေအကွာ စနစ်တကျတန်းစီကာ အလှည့်ကျပေးဆောင်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ ပေးဆောင်ရာတွင် ငွေသွင်းကောင်တာများပေါ်တွင် လက်သန့်ဆေးရည်ဘူးများ ထားရှိပေးခြင်း၊ မီတာရုံး ဝန်ထမ်းများကလည်း Mask နှင့် လက်အိတ်များဝတ်ဆင်၍ ငွေလက်ခံဆောင်ရွက်လျက်ရှိပြီး ရုံးပတ်ဝန်းကျင် ကိုလည်း ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း  သိရသည်။ 

 

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ လျှပ်စစ်ဓာတ်အားခများ မတ်လအတွက် ပေးဆောင်ခြင်းကို ဧပြီ ၂၀၊ ၂၂၊ ၂၄၊ ၂၆၊ ၂၈ ရက်နေ့ နောက်ဆုံးပေးဆောင်ရမည့်အစား မေ ၂၀ ရက်နေ့ နောက်ဆုံးထား၍ ပေးဆောင်ကြရန် ပြင်ဆင်သတ်မှတ်ထားကြောင်း သိရသည်။

 

မို့မို့အောင်(ပြန်/ဆက်)