နေပြည်တော် ၁ ဧပြီ
မူးယစ်တပ်ဖွဲ့စု (၄၂)ရန်ကုန်အနောက်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၃၀ ရက် ညနေ ၆ နာရီခွဲက တာမွေမြို့နယ်၊ မင်းရဲကျော်စွာ အိမ်ရာရှေ့၊ လေးထောင့်ကန်လမ်းမ၊ လူသွားစင်္ကြန်လမ်းတွင် စိုးဇေယျာမင်း(ခ)ဇေယျာအား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၄ ပြားနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ၎င်းနေထိုင်သည့် တာမွေမြို့နယ်၊ တာမွေလေး ရပ်ကွက်၊ လေးထောင့်ကန်လမ်း၊ တိုက်အမှတ်(N-1)၊ ၄ လွှာ၊ အခန်းအမှတ်(၃၀၄)ကို ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၉ ပြား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း၊ ကွင်းဆက်အရ သတင်းချိတ်ဆက်၍ မတ် ၃၀ ရက် ည ၉ နာရီတွင် တာမွေမြို့နယ်၊ လေးထောင့်ကန်လမ်း၌ ပူးပေါင်းအဖွဲ့ဖြင့် စောင့်ဆိုင်းနေစဉ် ခိုင်မင်းဦး(ခ)ကတုံး မောင်းနှင်လာသည့် TOYOTA PROBOX အမျိုးအစား မော်တော်ယာဉ်ရောက်ရှိ လာ၍ရှာဖွေရာ အိုက်စ် ၆ ဒသမ ၄ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၄,ဝ၀ဝ ၊ လက်ကိုင်ဖုန်းတစ်လုံးနှင့် ငွေကျပ် ၁၇၀,ဝ၀ဝ တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။
MDN