ရန်ကုန် ၂၇ ဇန်နဝါရီ
တာမွေမြို့နယ်အတွင်းရှိ နေအိမ်တိုင်း မီးသတ်ဆေးဘူးထားရှိရေး ဆွေးနွေးဟောပြောပွဲ ဇန်နဝါရီ ၂၆ ရက်က တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တာမွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတိုးဝင်း၊ တိုင်းဒေသကြီး(၁) လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးတို့က အဖွင့်အမှာစကား ပြောကြားပြီး အရှေ့ပိုင်းခရိုင် မီးသတ်ဦးစီးမှူး ဦးကိုကိုကြီးမှ နေအိမ်တိုင်းတွင် မီးသတ်ဆေးဘူး ထားရှိစေရေး လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဟောပြောပွဲတွင် မီးသတ်ဆေးဘူး စနစ်တကျ ကိုင်တွယ်ငြှိမ်းသတ်နိုင်ရေးအတွက် လက်တွေ့သရုပ်ပြ ငြှိမ်းသတ်ခဲ့ပြီး တက်ရောက်လာကြသူများမှ အကြံပြုဆွေးနွေးချက်များအပေါ် တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
နိုင်လင်းအောင် (တာမွေ)